ဂီတလောကမှာ အောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ယုန်လေးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးနေလျက်ရှိပါတယ်။ ယုန်လေးက အက်ရှက်ဇာတ်ကားတွေကို ရိုက်ကူးပြီး သူရိုက်ကူးထားသမျှ ရုပ်ရှင်ဇာတ်ကားတိုင်းက အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ယုန်လေးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေလျက်ရှိပါတယ်။
ဂန်းစတား ရုပ်ရှင်ဇာတ်ကားတွေ၊ အက်ရှင်ဇာတ်ကားတွေကိုရိုက်ကူးပြီး တက်တူးတစ်ခုတောင်မရှိဘူးလို့ ပရိသတ်တွေပြောကြတဲ့ ယုန်လေးက ဒီတစ်ခေါက်မှာတော့ နောက်ကျောအပြည့် တက်တူးထိုးပြီး ပရိသတ်တွေ အံ့သြအောင် ချပြခဲ့ပါတယ်။
ယုန်လေးက "Tattoo မကြိုက်တဲ့ လူကို မြင့်မြတ် မြှောက်ပေးတာ ဒီလိုလေးတော့ဖြစ်သွားတယ်။ ဒါပေမယ့် ထိုးသင့်တဲ့ အမှတ်အသားလေး ORIGINAL GANGSTER ထိုးထားတဲ့အတွက် ကျေနပ်ပါတယ်။"
"ကျွန်တော်တို့ တန်ဖိုးထားလို့ ကိုယ်ပေါ်သေရာပါတင်ထားတဲ့ ORIGINAL GANGSTER ကိုလည်း အနုပညာအဖြစ်ဆက်လက်ရပ်တည်ခွင့်ရချင်ခဲ့တာ ဆင်ဆာရရ မရရ ကျွန်တော်တို့ကို ချစ်တဲ့ ပရိတ်သတ်တွေ OG ကို မမေ့ရင်ကျေနပ်ပါပြီ ။ OG နာမည် Tattoo ထိုးထားတဲ့ လူတွေ အကုန်လုံး ပျော်စရာပွဲလေးလည်း စီစဉ်ပါဦးမယ်။ " ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားတာ ဖြစ်ပါတယ်။ယုန်လေးက သူ့ဘဝအတွက် အမှတ်တရတွေ၊ အဓိပ္ပာယ်တွေ အများကြီးရှိတဲ့ ORIGINAL GANGSTER အမှတ်အသားကို သေရာပါ ဆေးမင်ကြောင်ထိုးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Yone Lay's fb
Friday, December 6, 2019
Home
/
Celebrity
/
Tattoo မကြိုက်ပေမယ့် မြင့်မြတ်မြှောက်ပေးတာကြောင့် နောက်ကျောအပြည့် တက်တူးထိုးလိုက်တဲ့ ယုန်လေး
Tattoo မကြိုက်ပေမယ့် မြင့်မြတ်မြှောက်ပေးတာကြောင့် နောက်ကျောအပြည့် တက်တူးထိုးလိုက်တဲ့ ယုန်လေး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity