Breaking

Wednesday, January 1, 2020

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဒွေးနဲ့ ရိုက်ထားတဲ့ ကြော်ငြာလေးကို တင်လိုက်တဲ့ ထက်ထက်မိုးဦး

 လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ လောက်ကတည်း နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသမီးကြီး ထက်ထက်မိုးဦး ကိုတေ့ာမသိတဲ့သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ထက်ထက်မိုးဦး ကတော့ သူ့အနေနဲ့ ကြော်ငြာဘုရင်မလို့ တင်စားခံရလောက်တဲ့ အထိကို တချိန်က ကြော်ငြာတွေ များစွာရိုက်ကူးခဲ့ကာ လက်ရှိအချိန်ထိကို ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
 ထက်ထက်မိုးဦးကတော့ လက်ရှိ အချိန်မှာတော့ ကျန်းမာရေး အခြေအနေအရ အနုပညာ လှုပ်ရှားမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကြောင့် ယခုနောက်ပိုင်းမှာတော့ အနုပညာ လှုပ်ရှားမှုတွေ ထပ်ပြီးတော့ လုပ်နေတာ ဖြစ်ပါတယ်။ ထက်ထက်မိုးဦး ကတော့ တချိန်တုန်းက မင်းသား ဒွေးနဲ့ အတူ အလွန်အတွဲအဖက် ညီခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း တခဲနက်ရခဲ့တာ ဖြစ်ပါတယ်။
ထက်ထက်မိုးဦး ကတော့ ကြော်ငြာမင်းသမီးလို့ ဆိုရလောက်အောင်ကို သူရိုက်တဲ့ ကြော်ငြာတိုင်း ကတော့ အရမ်းကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ထက်ထက်မိုးဦး ကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်ပေါ်မှာတော့ တချိန်က နာမည်ကျော် မင်းသား ဒွေးနဲ့ တူတူ သရုပ်ဆောင်ထားတဲ့ ရွှေပုဇွန် ကြော်ငြာလေးကို ပြန်ပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ ကြော်ငြာလေးကိုတော့ တောတော်များများလည်း မှတ်မိကြမယ်လို့ ထင်ပါတယ်။ပရိသတ်ကြီးအတွက်လည်း တချိန်က ဒွေးနဲ့ ထက်ထက်မိုးဦးတို့ရဲ့ နာမည်ကြီးခဲ့တဲ့ ရွှေပုဇွန် ကြော်ငြာလေးကိုတော့ ပြန်တင်ပေးလိုက်ပါတယ်။ ကြော်ငြာလေးကို ကြည့်ပြီးတော့လည်း ပရိသတ်တွေအနေနဲ့ ငယ်ဘဝလေးတွေကို လွမ်းမိသွားကြမယ်လို့ ထင်ပါတယ်။

POPULAR POSTS

ads