Breaking

Thursday, January 2, 2020

ကာတွန်းကားထဲက မင်းသမီးလေးတစ်ပါးလို ငေးကြည့်နေရလောက်အောင်လှတဲ့ ဝေလာရီ

 မွန်လူမျိုး မင်းသမီးလေး ဝေလာရီက အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝေလာရီက အဆိုတော် လိမ္မော်သီးရဲ့ ညီမအရင်းလေးဖြစ်ပြီး အနုပညာနယ်ပယ်မှာ လူသိများ ကျော်ကြားသူလေးတစ်ယောက် ဖြစ်ပါတယ်။ ဝေလာရီကလည်း အစ်မဖြစ်သူ လိမ္မော်သီးနဲ့ သီချင်းတွေ သီဆိုသလို ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးနေလျက်ရှိပါတယ်။

 ဝေလာရီက "နှင်းဆီ" ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိခဲ့ပြီး အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။ ဝေလာရီက ဒီတစ်ခေါက်မှာလည်း ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို ဖော်ပြပေးထားပါတယ်။ဝေလာရီက PRO 1 Global Home Center Myanmar ရဲ့ New Year Party မှာ ချစ်စရာကောင်းတဲ့ ဝါဝန်အစိမ်းလေးဝတ်ပြီး ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။

ဝေလာရီက လွန်ခဲ့တဲ့လပိုင်းက သူမရဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ "မမှီဝဲနဲ့ကင်းအောင်နေ" ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။ဝေလာရီလေးကတော့ ကာတွန်းကားထဲက မင်းသမီးလေးတစ်ပါးလို အရမ်းချစ်စရာကောင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း ဝေလာရီရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wai Lar Ri's fb

POPULAR POSTS

ads