Breaking

Thursday, January 2, 2020

ငွေသိန်း (၁၂၀၀) လိမ်လည်မှုကြောင့် အလုပ်နဲ့ ထောင်ဒဏ် (၁) နှစ် ချမှတ်ခံရတဲ့ မေသန်းနု

 နိုင်ငံကျော် မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ မေသန်းနုက အကယ်ဒမီဆုကြီးများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ မေသန်းနုက သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေရရှိခဲ့ပြီး အားပေးသူ ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ ထိပ်တန်းမင်းသမီးကြီးတစ်လက် ဖြစ်ပါတယ်။

 ဒီကနေ့ ဇန်နဝါရ်ီလ (၂) ရက်နေ့မှာ ကြားသိရတာကတော့ သရုပ်ဆောင်ဘအကယ်ဒမီမေသန်းနုကို ရန်ကင်းမြို့နယ် တရားရုံးမှ အလုပ်နဲ့ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မေသန်းနုကို တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ကျပ်သိန်း ၁၂၀၀ လိမ်လည်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၆  ဒီဇင်ဘာက တရားစွဲဆိုခြင်းဖြစ်ပါတယ်။

တရားရုံးက ထောင်ဒဏ်ချမှတ်ပြီးနောက် ၎င်းကို အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆိုပြီး 7 Days News Journal ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။မေသန်းနုရဲ့ မိသားစုဝင်တွေနဲ့ ပရိသတ်တွေကတော့ မေသန်းနုအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: 7 Days News Journal

POPULAR POSTS

ads