2020 နှစ်သစ်ရဲ့ သိန်းပေါင်း ၁ သောင်းခွဲ ကံထူးရှင်ကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့ကတော့ မြိတ်မြို့ ၊ ခရူတောရပ် ၊ ဗိုလ်ဗထူးလမ်း (၃) လမ်းမှာ နေထိုင်သူတွေဖြစ်ပြီး သိန်း ၁ သောင်းခွဲ ဆုကိုတော့ (င) အက္ခရာ ၂၀၄၅၈၈ နဲ့ ဆွတ်ခူး
ခဲ့တာပဲဖြစ်ပါတယ်။
သားဖြစ်သူ နေမကောင်းလို့ ဗေဒင်သွားမေးရာကနေပြီးတော့ ထီပေါက်ကိန်းရှိတယ်ဆိုတာကြောင့် ထီထိုးရာကနေ အခုလို ထီဆုကြီးပေါက်ခဲ့တာလို့ သိရပါတယ်။ ယခင်ခပ်ကြာကြာတုန်းကတော့ ၅ သောင်းဆု ၂ ခါပေါက်ခဲ့ဖူးပေမယ့် အခုနောက်ပိုင်း မပေါက်တာကြာပြီး ယခုမှ ပြန်ပေါက်တာလို့ သိရပါတယ်။
သူတို့ကတော့ ထီပေါက်လို့ ရရှိလာမယ့် ဆုကြေးတွေကို ၊ လှူမယ် ၊ ဘုရားဖူးထွက်မယ်။ မရှိဆင်းရဲသားတွေ၊ နေအိမ်မဲ့တွေကို ကူညီပြီးတော့ အရင်းပြုတ်တဲ့ ဈေးသည်တွေကိုလည်း မတည်ပေးတာတွေလုပ်သွားမယ်လို့ သူတို့ရဲ့ အိပ်မက်တွေကို ပြောပြပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ကောင်းမှုအတွက် အလှူစိတ်လေး ရှိနေတာလေးကိုပဲဝမ်းသာစရာပါနော်။
Wednesday, January 1, 2020
အများနဲ့မတူ တမူထူးခြားနေတဲ့ သိန်းတစ်သောင်းခွဲဆုရှင် မိသားစု
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
News
Tags
News