မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော ထူးအောင်က ရုပ်ရည်ချောမောရုံသာမက သရုပ်ဆောင်လည်း ကောင်းမွန်သူတစ်ယောက် ဖြစ်ပါတယ်။ ထူးအောင်က ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ထူးအောင်က သူ့ကို အားပေးဝန်းရံကြတဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။
ဒီနေ့မှာတော့ ထူးအောင်က သူ့ရဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ အမိုက်စား ပုံရိပ်အချို့ကို မျှဝေပေးထားပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ထူးအောင်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ထူးအောင်က "2020မှာ နှလုံးသားဖြူစင်တဲ့လူတွေကိုပဲ ပေါင်းတော့မယ်" ဆိုပြီး ရင်ဖွင့်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။
ထူးအောင်က တောင်ပေါ်ဒေသရဲ့ အေးချမ်းဆိတ်ငြိမ်လွန်းတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ အဖြူရောင်ဂျာကင်ကြီး ဝတ်ပြီး အထာကျကျ ဂေါ်နေတာကို တွေ့ရပါတယ်။
ထူးအောင်ကတော့ ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုရှိတဲ့ အမျိုးသား တစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ထူးအောင်ရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။
Rowena
Source: Htoo Aung's fb
Photo: Bling Bling
Thursday, January 2, 2020
အေးချမ်းလှတဲ့ တောင်ပေါ်ဒေသမှာ အဖြူရောင်ဂျာကင်ကြီးနဲ့ အထာကျနေတဲ့ ထူးအောင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity