Breaking

Monday, February 3, 2020

လေစင်္ကြာလေးကိုင်ပြီး ကလေးလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေတဲ့ ဆုအိမ့်စံ

 ပရိသတ်တွေက ဆုဆုလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးလေး ဆုအိမ့်စံက ဗီဒီယိုဇာတ်ကား တော်တော်များများမှာ သရုပ်ဆောင်ခဲ့သူတစ်ယောက်ပါ။ ဆုအိမ့်စံ ပါဝင်တဲ့ ဗီဒီယိုဇာတ်ကားတွေကို ပရိသတ်တွေက အကြိုက်တွေ့ကြပြီး အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုအိမ့်စံက အခုလက်ရှိမှာလည်း ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

 အမြဲတမ်းချစ်စရာကောင်းနေတဲ့ ဆုအိမ့်စံက ဒီတစ်ခေါက်မှာလည်း လေစင်္ကြာလေးကိုင်ပြီး ကလေးလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်စွာ တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဆုအိမ့်စံရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဆုအိမ့်စံက ပြီးခဲ့တဲ့ လပိုင်းတွေက Dancing With The Stars Myanmar မှာ အကပြိုင်ခဲ့ပြီး လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပါတယ်။

ဆုအိမ့်စံကတော့ ဘယ်အချိန်ကြည့်ကြည့် မိန်းကလေးဆန်ဆန်လေးနဲ့ အရမ်းချစ်စရာကောင်းနေတဲ့သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ဆုအိမ့်စံကတော့ ပရိသတ်တွေကို ရင်ခုန်အောင် လုပ်လိုက်ပြန်ပါပြီ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Hsu Eain San's fb

POPULAR POSTS

ads