သူမဟာ ဗီဒီယိုဇာတ်ကားခေတ်မှစ၍ ယနေ့ချိန်ထိ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အသက်(၃၀) ကျော်လို့ ထင်ရက်စရာမရှိလောက်အောင် နုဖတ်လွန်းနေတာဟာလည်း ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပဲနော်။
သင်ဇာဟာ ပွဲအခမ်းအနားများစွာနဲ့ ကြော်ငြာတွေကို လက်မလည်ရအောင် တောက်လျှောက်ရိုက်ကူးနေရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အမိုက်စားကားတွေကို Live လွှင့်ကာ ရောင်းချပေးသွားမှာဘဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲဝေမျှပေးလေ့ရှိရာ အခုမှာလည်း Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ဒါကတော့ ရေသူမလေးတစ်ယောက်အလားထင်မှတ်မှားရလောက်အောင် အမိုက်စားဝတ်စုံလေးကို ဝတ်ဆင်ပြီး ကြော်ငြာလေးတစ်ခု ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။
သူမရဲ့ အသားအရည်လေးနဲ့ ဖက်ရှင်ကလည်း အရမ်းကို လိုက်ဖက်မှုရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဖြူဖွေးဝင်းဥနေတဲ့အသားဖြူဖြူလေးကိုမြင်တွေ့ရမယ့်အမိုက်စားဖက်ရှင်နဲ့ ရင်ခုန်စွဲမက်ဖွယ်ကောင်းလွန်းနေတဲ့သင်ဇာရဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Photo-Thin Zar Wint Kyaw facebook
(admin-thadinmann)