ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် မြင်သူတကာ ငေးမောကြည့်ရလောက်အောင် ဆွဲဆောင်မှုတွေ ရှိနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ခေတ်ဆန်ဆန်ဖက်ရှင်လေးတွေကို လိုက်ဖက်ညီအောင် ဝတ်ဆင်တတ်သူ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သင်ဇာဟာ လက်ရှိမှာတော့ Single ဘဝနဲ့သာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
သူမရဲ့ ကောက်ကြောင်းအလှတရားတွေကြောင့်လည်း ပုရိသတွေအားလုံးရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုတွေကို အမြဲရရှိနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် အနားယူနေတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း သင်ဇာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ဒါကတော့ တင်းရင်းကျစ်လစ်တဲ့ကိုယ်လုံးလေးအမြဲဖြစ်နေအောင် လေ့ကျင့်ခန်းတွေနေ့စဉ်ရက်ဆက်လုပ်နေတဲ့ သင်ဇာရဲ့ Video လေး ပဲ ဖြစ်ပါတယ်။ သင်ဇာဟာ လေ့ကျင့်ခန်းတွေ လုပ်ရုံတင်မဟုတ်ဘဲ ဝိတ်မတက်စေတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်နေတာလည်း ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုခံစားနိုင်အောင် သင်ဇာရဲ့ ဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Thinzar Wint Kyaw’s Facebook Account